မလွတ်လပ်တဲ့ သံဃာရဲ့ ဘဝ

27/09/2008

စစ်အစိုးရ လက်အောက်က သံဃာ့ဘဝ။

Kenji Nakai အမှတ်တရ

လွန်ခဲ့တဲ့နှစ် ၂၀၀၇ ခု စက်တင်ဘာ ၂၇ ရက် က Kenji Nakai ဟာမြန်မာပြည် သတင်းရယူရင်း သေနတ် နဲ့ အနီးကပ် ပစ်သတ်ခံခဲ့ ရပါတယ်။ Kenji Nakai ဟာ APF သတင်းဌာန က သတင်းသမား တစ်ယောက်ပါ။ သူဟာ လွန်ခဲ့တဲ့ နှစ်တွေက အရှေ့ အလယ်ပိုင်း စစ်ဖြစ်နေတဲ့ နေရာတွေမှာ သတင်းယူခဲ့တဲ့ အတွေ့အကြုံ ရှိတဲ့ စစ်သတင်းထောက် ဖြစ်ပေမယ့် မမျှော်လင့်ပဲ ရွှေဝါရောင် တော်လှန်ရေး မှာ ကျဆုံးခဲ့ ပါတယ်။ သူ့ကြောင့် မြန်မာနိုင်ငံ အကြောင်း ဂျပန်နဲ့ ကမ္ဘာ ပိုမိုသိခဲ့ ကြပါတယ်။ သူဟာ နောက်ဆုံးအချိန်ထိ Video Camera ကိုလက်က မချပဲ ရိုက်ကူး ခဲ့သော်လည်း ထို Video Camera ကိုမြန်မာ အစိုးရဆီက ပြန်တောင်းသော်လည်း မရရှိပဲ ပျောက်ဆုံးခဲ့ ပါတယ်။

Kenji Nakai

တို့တိုင်းပြည်


ထလော့မြန်မာ၊အိုမြန်မာတို့
တို့ရွာတို့မြေ၊တို့ရွာမြေဝယ်
စေတီစပါး၊များလည်းများ၏
များပါလေလဲ၊တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ကာလကြာလျှင်
ယာစကာမျိုး၊တညှိးညှိးနှင့်
ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်၊မစားလေရ
ဝမ်းမဝ၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

(ဆရာဇော်ဂျီ)

ရွှေဝါရောင်နေ့ (26.9.2007) တနှစ်ပြည့်

26/09/2008

ကလေးများအတွကိ စိတ်မကောင်းစရာ ကာတွန်း

တရုတ်နို့မှုန့် မှာ မယ်လမင်း ဓာတုပစ္စည်း တွေပါဝင်၍ ကျေက်ကပ် ကိုပျက်စီး စေတာကြောင့် အခုထိ ကလေးငယ် ၅၄၀၀၀ ဖျားနာ၍ ၈ ယောက် သေဆုံးပြီး ဖြစ်သည်။

Japan Prime Minister

ကျွန်တော် သိမှီလိုက်သော ဂျပန်ဝန်ကြီးချုပ်များ
နိုင်ငံတစ်ခု ဒုက္ခတစ်မျိုး စီပေါ့။ ဂျပန်နိုင်ငံ ကျတော့ ဝန်ကြီးချုပ်တွေ ပြောင်းလွန်းလို့စိတ်ညစ်ကြတယ်။ ကျွန်တော်တို့ရဲ့  သန်းရွှေ ကြီးကျတော့ မပြောင်းနိုင်လွန်းလို့စိတ်ညစ်ရတယ်။
Taro Aso (၂၄ ရက် စက်တင်ဘာ ၂၀၀၈ မှ ယခု)
Yasuo Fukuda(၂၆ ရက် စက်တင်ဘာ ၂၀၀၇ မှ ၂၄ ရက် စက်တင်ဘာ ၂၀၀၈ ထိ)
Shinzo Abe (၂၆ ရက် စက်တင်ဘာ၂၀၀၆ မှ ၂၆ ရက် စက်တင်ဘာ ၂၀၀၇ ထိ)
Junichiro Koizumi (၂၆ ရက် ဧပရယ် ၂၀၀၁ မှ ၂၆ ရက် စက်တင်ဘာ ၂၀၀၆ ထိ)Yoshiro Mori (၅ ရက် ဧပရယ် ၂၀၀၀ မှ ၂၆ ရက် ဧပရယ် ၂၀၀၁ ထိ)
Keizo Obuchi (၃၀ ရက် ဂျုလှိုင် ၁၉၉၈ မှ ၅ ရက် ဧပရယ် ၂၀၀၀ ထိ)

အမှတ်တရနေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်

25/09/2008

ဒီနေ့ဘုန်းကြီးကျောင်း သွားလှုဖြစ်တယ် ပြန်လာတော့ ဗုံးခွဲတဲ့ သတင်းတွေ့ရတယ်။ အမှတ်တရတွေပေါ့။
ယနေ့ (၂၅.၉.၂၀၀၈) မနက် ၁၀ နာရီခွဲ နဲ့ ၁၁ နာရီကြား လောက်မှာ မြို့ တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံ ကားမှတ်တိုင် တွင် ဗုံးပေါက်ကွဲ မှုဖြစ်ပွားခဲ့သည်။

ဒီကာတွန်းလေး တွေ့တော့ စိတ်မကောင်းပါ

မြန်မာပြည်ဟာ ဒီလောက်တောင်ပဲ အခြေအနေ ဆိုးနေပြီလား။

ဒီနေ့မွေးနေ့ အမှတ်တရကဗျာ


ပန်းပန်လျက်ပဲ (ဗေဒါလမ်း ကဗျာစု)

ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊လှိုင်းသက်ရာဆင်း။
ဆင်းရလည်း မသက်သာ
အုန်းလက်ကြွေ ရေပေါလော၊မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ဗေဒါမ အတွေ့
အုန်းလက်ကြွေ သူ့နဘေး၊ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတစ်လုံးက၊ဖုံးလိုက်ပြန်ပါ့
မြုပ်လေပေါ့ ပေါ်မလာ၊မဗေဒါအလှ
တစ်လံကွာ လှိုင်းအကြွ၊ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လည်း မသက်သာ
ချောင်းအဆွယ် မြောင်ငယ်ထဲက
ဘဲထွက်လို့လာ။
ဘဲအုပ်ကတစ်ရာ နှစ်ရာ
ဗေဒါက တစ်ပင်ထဲ(တည်း)
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ပန်းပန်လျက်ပဲ။

(ဆရာဇော်ဂျီ)
ဆရာဇော်ဂျီ ကို ၁၉၀၇ ခုနှစ် ဧပြီလ ၁၂ ရက် သောကြာနေ့ တွင် ဧရာဝတီတိုင်း ဖျာပုံမြို့တွင် အဖ ဦးယော အမိ ဒေါ်စိန်ညွှန့်တို့မှ မွေးဖွား၍ မွေးချင်း ၉ ယောက်တွင်အကြီးဆုံးသား ဖြစ်သည်။ ဆရာဇော်ဂျီသည် မြန်မာနိုင်ငံ သုတေသန အသင်း ဥက္ကဌ၊မြန်မာ့သမိုင်း ကော်မရှင် ဥက္ကဌ၊မြန်မာစာပေ ပြုစုရေးနှင့်ဘာသာပြန် ကော်မရှင်၏ ပညာရပ် ဝေါဟာရ ကော်မတီ ဥက္ကဌ၊အမျိုးသားစာပေဆု ရွေးချက်ရေး ဥက္ကဌ၊ရန်ကုန် တက္ကသိုလ် ဂုဏ်ထူးဆောင် မြန်မာစာ ပါမောက္ခ စသည့်တာဝန်များယူခဲ့သည်။ ၁၉၉၀ စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ် ကမ္ဘောဇလမ်း အမှတ် ၁၀ (က) နေအိမ်တွင် ကွယ်လွန်ခဲ့သည်။

Video တိပ်ခွေရှိကြောင်း လိမ်လည်ငွေတောင်းသူ

24/09/2008

ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးအတွင်း Nagai Kenji ၏နောက်ဆုံးချိန်ထိ ရိုက်ယူထားသော Video တိပ်ခွေ ၎င်းတွင်ရှိကြောင်း လိမ်လည်၍ Nagai Kenji အလုပ်ရှင် ကုမ္မဏီ APF သတင်းဌာန အားယန်းသောင်း ၁၀၀ လိမ်လည် ငွေတောင်းမှုဖြင့် Tokyo မြို့  Katsushika ရပ်ကွက်နေ မောင်ဝင်းမင်းထွန်း (၃၁)နှစ် အားဂျပန် ရဲဌာနမှ စက်တင်ဘာ (၂၂) ရက်တွင် ဖမ်းဆီးလိုက်ကြောင်း သတင်းဌာန များတွင် ဖော်ပြခဲ့သည်။

သစ္စာ


အမျိုးသားရေးအတွက်
အသက်ပေးသွားသော
ရဲဘော်များအား
တိုင်တည် သစ္စာပြုပါ၏။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေးမနီသေးလျှင်
အသင်တို့သွေး ပက်ဖျန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိဥာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ဝိဥာဉ် ပူးကပ်ဝင်၍
ကျွန်ုပ်အား ထိန်းချုပ်သွားပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား
အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်အသက် လမ်းတဝက်မှ
ပေးဆက်ရလည်း
လူ့ဘုံလမ်းခွဲ ဝမ်းမနည်းဘဲ
တာဝန်တရပ်ကျေပြွန်မှန်၍
ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိဥာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုကြပါလေ။

(မင်းကိုနိုင်)

ဘောလုံးသမား သူငယ်ချင်းများ


ပိုးကုန် အချိန်ကုန်
စောင်းတီးသင်ဖို့ အခွင့်မကြုံသမျှ
ငါတို့လက်တွေ
မိုးစက်တွေကို ဆုပ်ကိုင်
ကျောင်းခေါင်းလောင်းကို လှုပ်ယမ်းစေနိုင်ခဲ့။
ဂိုးအသွင်းမခံရဖို့ 
အနိုင်ဂိုးဖိသွင်းဖို့ 
ဘောလုံးကွင်းမရှိသေးတော့
အတူ အပြေးပဲ ကျင့်ခဲ့ကြပေါ့။
လေသွင်း လေထုတ်
အလုပ်နှစ်ခုပညာ
ပယောဂ မပါပဲ တတ်ခါစ
...
တစ်ယောက် ဒဏ်ရာတစ်ယောက် လျှာနဲ့ ယက်ပေးကြ
တစ်ယောက် ကွေးရင် တစ်ယောက် ထုရိုက်ဖြောင့်ပေးကြ
တကယ်ပါ ဒါတွေဟာ
ငါတို့ လျော်နိုင်လို့ အထိုးခံဝံ့တဲ့ လောင်းကြေးတွေပါ။
တစ်သက် ထာဝရ သတိရနေမယ်
အဲဒါတွေက
ငါတို့ လုသောက်နေကြ အုန်းမှုတ်ခွက်ကို
ရွှေခွက်
လို့ လာရေးတဲ့ အက္ခရာတွေပါ။
တွေ့ ဆုံခွဲခွာ
မျက်နှာနှစ်ဘက်ပါတဲ့ အသပြာ တစ်ချပ်
ကိုယ်ကြိုက်ရာ ဝယ်စားတတ်ပြီးတဲ့အခါ
ချိုချဉ်ဖန်ခါး အသားတစ်ဆုပ် အရွက်တစ်ရာ
စားမြုံ့ ပြန်မယ်လုပ်ခါမှ
မှန်ထဲမှာ
ငါ့ကိုယ်နဲ့ ဘယ်သူ့ မျက်နှာလဲ
...
အလီတွေရွတ် ချွတ်ကြည့်လည်းမရ
ဂါထာတွေရွတ် ချွတ်ကြည့်လည်းမရ
ဘယ်သူ့ ပယောဂ လည်းဟေ့
...
မဟုတ်ဘူး
ငါတို့ အတတ်ကြူး စွပ်ခဲ့ကြတာ။
ချွတ်မရတော့တဲ့ မျက်နှာဖုံးတွေအောက်
တစ်ယောက်မျက်နှာ တစ်ယောက်မမြင်
ခုတော့
တစ်ယောက်ဂိုးပေါက်ပဲ တစ်ယောက်မြင်
ရွှေဂိုးတွေ တစ်ဒိုင်းဒိုင်း ကန်သွင်းချင်နေကြတယ်။

(မင်းကိုနိုင်)

၈၈၈၈





တိုင်းတပါးကျွန်
စစ်တပ်ကျွန်
ဘယ်ကျွန်မှမခံ ဒေါင်းအလံဟေ့။
ကျောင်းနံရံတဝိုက်
ဒေါင်းအလံပြန်စိုက်မယ်။

(မင်းကိုနိုင်)
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ဟာ ၁၉၆၂ ခု အောက်တိုဘာလ ၁၈ ရက် မှာရန်ကုန်မှာ မွေးဖွား၍ အဖ ဦးသက်ညွှန့် အမိ ဒေါ်လှကြည် တို့ရဲ့  တတိယမြောက်သား ဖြစ်ပါတယ်။ ညီအစ်မ ၃ ယောက်ရှိပါတယ်။ နာမည်ရင်းက ပေါ်ဦးထွန်း ဖြစ်ပါတယ်။

သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ

23/09/2008

ထောင်တွင်း(၁၉)နှစ်ကျော် နေခဲ့ရသူ သတင်းစာဆရာကြီး ဦးဝင်းတင် ဟာဒီနေ့ အင်္ဂါနေ့ ညနေမှာ လွတ်မြောက်ခဲ့ပါတယ်။ ဦးဝင်းတင်ဟာ အသက် (၇၈) နှစ်ရှိပြီဖြစ်ပြီး ယနေ့လွှတ်ပေးသော အကျဉ်းသား ၉၀၀၂ ယောက်မှာ ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်။ ဦးဝင်းတင် ဟာ ၁၉၃၀ မတ်လ ၁၂ ရက်မှာ ပဲခူးတိုင်း ကြို့ ပင်ကောက် မြို့ မှာ မွေးဖွား၍ လူပျိုကြီးဖြစ်ပါတယ်။ ကမ္ဘာမှာ ထောင်သက်အရှည်ဆုံး သတင်းစာ ဆရာကြီးအဖြစ် ထင်ရှားပါတယ်။ ဦးဝင်းတင်ဟာ ၈၈ အရေးတော်ပုံမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဗဟိုအလုပ် အမှုဆောင်ကော်မတီတွင် အတွင်းရေးမှုး(၁)အဖြစ် တာဝန်ယူခဲ့၍ 'အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ' ဟူသောဆောင်ပုဒ် မှာထင်ရှားသည်။ စစ်အစိုးရ မှ ၁၉၈၉ ခု ဇူလှိုင် ၄ ရက်တွင် တရားခံတစ်ဦး၏ ဖခင်နှင့်တယ်လီဖုန်း ဆက်သွယ်သည် ဟူသော မရေရာသည့် စွပ်စွဲ ချက်နှင့် ဖမ်းဆီးခဲ့သည်။

ကဗျာဆရာ စောဝေ နဲ့ ဖေဖော်ဝါရီ ဆယ့်လေး


ဖေဖော်ဝါရီဆယ့်လေး

အာရင်ဘက်က ပြောတယ်
နာ နာခံစားတတ်မှ ခံစားမှ
ရူးရူးမူးမူးကို ဖြစ်နေမှ
ကြီးမြတ်တဲ့အနုပညာလို့
မှူးမှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ
ကြီးတောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါတဲ့
သန်းပေါင်းများစွာသော ချစ်တတ်သူများ
ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။ ။
(စောဝေ)
ချစ်သူများနေ့ အထိမ်းအမှတ် ဖေဖော်ဝါရီ ဆယ့်လေးကဗျာရေးမှု နဲ့ ၂၀၀၈ ခုအစောပိုင်းဇန်နဝါရီ ၂၂ ရက်ကဖမ်းဆီးခံရတဲ့ ကဗျာဆရာစောဝေ ကို ဗဟန်း တရားရုံးက ပုဒ်မ ၅၀၅(ခ) အများပြည်သူ ဆူပူလှုံ့ဆော်မှု နဲ့စက်တင်ဘာ ၂၂ ရက်မှာ စွဲချက်တင်လိုက် ပါတယ်။ ဒီကဗျာဟာ စာပေစိစစ်ရေးက ပယ်ထားပါလျက် အချစ်ဂျာနယ် အယ်ဒီတာ မြတ်ခိုင် ကဖော်ပြခဲ့ပါတယ်၊ ဒီ့အတွက် တာဝန်အရှိဆုံး အယ်ဒီတာကို ခံဝန်လက်မှတ် ထိုးစေ၍ အချစ်ဂျာနယ်ကို ထုတ်ဝေခွင့် တစ်ပတ် ပိတ်ခြင်းပဲ အရေးယူခဲ့သည်။

တရုတ်နို့မှုန့် ပြဿနာ နဲ့ စစ်အစိုးရ သတင်းတပုဒ်

22/09/2008


စက်တင်ဘာ ၂၀ ရက်နေ့ မြန်မာ့သတင်းစာက တရုတ်နွားနို့ နဲ့ ပတ်သက်တဲ့ သတင်းဟာ မြန်မာပြည်သူတွေကို ဝေဝါးစေတဲ့ သတင်းဖြစ်ပါတယ်။ ပထမပိုဒ်နဲ့ နောက်ဆုံးပိုဒ်တွေဟာ တရုတ်နွားနို့ တွေဟာဘေးအန္တရယ် ကင်းရှင်းကြောင်း ရေးသားထားပြီး အလယ်ပိုဒ်မှာတော့ တရုတ်နို့မှုန့် တွေဟာ ကလေးတွေရဲ့  ကျောက်ကပ်ကို ပျက်စီး စေနိုင်ကြောင်း ရေးသားထားပါတယ်။ ရုတ်တရက်ဖတ်ကြည့်ရင် တရုတ်နို့မှုန့်တွေဟာ အန္တရယ် မရှိကြောင်း ရေးထားသလိုပါပဲ။

The Than Shwe Virus

19/09/2008


ဒီမိုကရက်တစ် မြန်မာ့အသံ၊ ဧရာဝတီ သတင်း မဂ္ဂဇင်း၊ ခေတ်ပြိုင်ဂျာနယ် တို့ တိုက်ခိုက်ခံရသည်။

အချုပ်တန်းဆရာဖေ(တေးထပ်)

မြန်မာတွေ စည်းကမ်းဖောက်လို့
ထီးနန်းပျောက်ဖြစ်ပြီ
မှီးငြမ်းထောက်အသစ်မှီသည်
ညစ်ပလီလူမျိုး
မိပစ်လို့ဖရှောင်သွေတယ်
ဂွကောင်တွေခွေးဖြစ်ပေါ့ဗျိုး။
ဗမာချင်းတော့ကြွားကြချင်
ဓပြပင်သူခိုး
ကုလားမြင် သူ့အမေရိုးတော့မလိုပ
ခုမြေရှိုးပုန်းရှောင်
မိုက်မနော်ပြုမဟေးတို့က
သူ့ပထွေးတော့ခွေးသို့မဟောင်
ပြောရောဟဲ့ ရာဇဝင်ပြောင်အောင်
ဆာသင်တောင်ဒူးချလို့
ပလူးရပြေးကျို့ ကာခွေးသို့ပမာ
တွေးမိတိုင်းအရိုးနာသည်
အမျိုးပါဆဲချင်တော့လေး။

(အချုပ်တန်း ဆရာဖေ)
ဆရာဖေ ဟာကုန်းဘောင်ခေတ် နှောင်းပိုင်း စာဆိုဦးပုည နဲ့ ခေတ်ပြိုင်ထင်ရှားခဲ့ပြီး မန္တလေးမြို့ ရိုး တောင်ဘက်ကျုံးထိပ် အချုပ်တန်းခေါ် မြင်းကုန်းနှီးတန်းမှာ နေထိုင်တဲ့ အတွက် အချုပ်တန်းဆရာဖေ လို့အမည်တွင်ပါတယ်။သီပေါမင်း ပါတော်မူပြီး ရှမ်းပြည်ဘက်မှာနေထိုင်ရင်း သင်္ကြန်ပွဲ တစ်ခုမှာ ရေပက်ခံလိုက်ရရာက အပြင်းဖျားပြီးကွယ်လွန်ခဲ့ပါတယ်။

ရှင်ကြီးကျားထက်ဆိုး

တော်တော်ဆိုးတဲ့ Gambari ။

girls=evil

ပေါ်နွေလလျှင်(ပိုဒ်စုံရတု)

ပေါ်နွေလလျှင်၊တောင်ကခြိမ့်မြူး
မင်းလွင်ဦးနှင့်၊ပျံ့ ဖြူးချုပ်ဆိုင်း
မုန်တိုင်းဆင်လို၊တိမ်ညိုမှိုင်းထပ်
ရောက်ခဲလတ်ဟု၊ချစ်ထွတ်တင်သည်
ပြာစင်မွန်လတ်၊ဖြူဝင်းမွတ်လျှင်
ကြာညွတ်ဖယောင်း၊နေရှိန်ပြောင်းသို့
ဆင့်လောင်းလောင်းဝှန်၊ရှိလိမ့်ဟန်ကို
တိမ်စွန်လျေင်၊ဖူးရောက်ချင်သည်
ငှက်သွင်ပျံကြွမတတ်သောဝ်။
မြှော်ချေကလျှင်၊ကာလအလျေက်
ပိတောက်လျှံကဲ၊ရွှေရည်စွဲက
ပုလဲငုံသွယ်၊အလှယ်လှယ်တည့်
စပယ်ဖြူမွှေး၊စကားသေးကို
မြတ်လေးစုံမက်၊ကျွန်ုလက်နှင့်
ရွေးလျက်ရွရွ၊မဆင်ရတည့်
ကာလသို့အောင်၊ရည်ဆောင်ပန်းမာလ်
မမှီလွန်ခဲ့၊ချိန်တန်သို့သည်
ဖြန့်မည်လေသာ၊မရောက်လာဟု
ကြံကာခွေ၍၊နေလိမ့်မည်ကို
ရှိသည်မှုရန်၊မင်းရေးဝန်ကြောင့်
လျှေက်ပန်စေမျှ၊မချေရသော်
ပြိုက်ကျသွယ်ဖြည်း၊နှင်းထက်သည်းလျှက်
ဝမ်းနည်းလျှက်ပင်၊ရှိလိမ့်ထင်သည်
ညက်စင်စံမျာ့အထွတ်သောဝ်။
ဖျော်ဖြေမှလျှင်၊ယုယသံချို
ပြေလိုစိမ့်သား၊ကျုးပိုက်ဖျား၍
ချီသွားမူးမူး၊နွေရက်ဦးက
မကြူးထင်ထင်၊ကဆုန်တွင်ကို
ကျိုင်းစင်မြခဲ၊စစ်ပွဲရန်နှည်
ပြန်လျှင်းမည်ဟု၊နှုတ်ခြည်ပေါ်သာ
ဆိုလေရှာသော်၊မာလာရနံ့
ထုံပျံ့ ပန်းသတ်၊ခြူးနတ်ဆင်လုံး
စိန်ပွင့်အုံးဝယ်၊ပွင့်ရုံးရွရွ
လက်သင်မ၍၊သက်မျှငယ်ချစ်
ပျောင်းလိမ့်ဖြစ်ကို၊စိစစ်မိမှိ
သတိချုပ်ဆည်၊ပြေမည်မျှဝေး
ချစ်ဝန်လေးခဲ့၊ရေးရေးဖူးချင်
မယ်သို့လျှင်သည်၊စက်ရှင်လျှံမျှရဟပ်သောဝ်။

(နတ်သျှင်နောင်)

ပတ္တနိက္ကုဇ္ဇန ကံ

18/09/2008


၁-ရဟန်းတို့အားလဒ်မရစိမ့်သောငှာအားထုတ်၏
၂-ရဟန်းတို့အားအကျိုးမဲ့စိမ့်ငှာအားထုတ်၏
၃-ရဟန်းတို့အားနေရာမရစိမ့်ငှာအားထုတ်၏
၎-ရဟန်းတို့အားဆဲရေး၏ ၊ ခြိမ်းခြောက်၏
၅-ရဟန်းတို့အားအချင်းချင်းကွဲပြားစေ၏
၆-ဘုရာ၏ကျေးဇူးမဲ့ကိုပြော၏
၇-တရား၏ကျေးဇူးမဲ့ကိုပြော၏
၈-သံဃာ၏ကျေးဇူးမဲ့ကိုပြော၏ ။

(၁၈.၈.၂၀၀၈) ဒီနေ့ဟာစစ်အစိုးရကို ပတ္တနိက္ကုဇ္ဇန ကံဆောင်တာ ဒုတိယအကြိမ် (၁) နှစ်ပြည့်ဖြစ်ပါတယ်။

Black Eyed Peas

Dedication to Aung San Suu Kyi
Bangkok, Thailand
July 31, 2006

စက်တင်ဘာ(၁၈)ရက်

ပြည်သူ့အာဏာကို (၁၈.၉.၈၈) စောမောင်ဦးဆောင်ပြီး အာဏာသိမ်းခဲ့တာ အခုဆိုရင် နှစ် ၂၀ ရှိပါပြီ။

ဗုဒ္ဓနှင့်တွေ့ဆုံခြင်း

17/09/2008


ဘာမဟုတ်ညာမဟုတ်
ငါဗုဒ္ဓဘုရားကိုတောင်မှ
ရှေးဟောင်းပစ္စည်းတွေအကြားမှာ
ရောင်းစားခံရ
စီးပွါးရေးမျက်စိစူးရှတဲ့
ဒီလိုဥရောပမှာ
မင်းကဘာလာလုပ်သလဲတဲ့
ဗုဒ္ဓကမေးတော်မူတယ်။
ကိုယ်တော်မသိလို့နော်
ကိုယ်တော်သာမြန်မာနိုင်ငံမှာရှိရင်
ပူဇေမိအမျိုးမျိုးနဲ့
ရှိခိုးခံရမှာတော့အမှန်ပါပဲ။
ဒါပေမယ့်
မမှန်တာတွေပြောမမှန်တာတွေဟောနေရ
ကိုယ်တော်ကောဗုဒ္ဓေါတ,မိပြီး
ပြေးကြွချင်မှာသေချာတယ်။
မမှန်တာတွေပြောတော့လဲ
သံသရာတကြောမှာ
အဖန်တရာမောနေဦးမှာကိုးဘုရာ့။
လက်နက်ကိုင်စစ်တပ်က
အရပ်ရပ်နေပြည်တော်
ကြားလို့မှမလျော်အောင်
အော်ဒါတွေထုတ် မတော်တာတွေလုပ်နေတော့
ဗုဒ္ဓကိုကြိုးတုပ်
အချုပ်ထဲသွင်းရင် မခက်ပါလား။
ဒီကောင်တွေက ဥာဏ်လဲမရှိ
အမှန်လဲမသိ
ကတိလဲမတည်
အပလီအမျိုးမျိုးနဲ့
ဝစီအိုးကလဲ ပုပ်စော်နံ
နိုင်ငံကိုလဲမလေးစား
ကလေးကလားစိတ်ဓါတ်နဲ့
သိပ်ပြီးညစ်ပတ်ကြပါတယ်။
စစ်တပ်ဆိုတာ ပြည်သူကိုအနိုင်ကျင့်ဖို့
မြှောင့်ပင့်အားပေး
ဓါးသွေးခိုင်ထားတဲ့
အရိုင်းများရဲ့ ခိုလှုံရာ
ဗိုလ်တကာတို့ရဲ့ ဘုရင်ပါဘုရား
ဗိုလ်နေဝင်းစစ်တပ်ဆိုတာ
ပစ်ခတ်ဖို့နဲ့ညစ်ပတ်ဖို့ပဲ သိတာမဟုတ်လား။
ပြည်သူတွေကတော့တက်တက်မွဲ
ရဟန်းကောင်းတွေက ခွက်လက်စွဲ
ဒင်းတို့တတွေကသဘက်သရဲ
လက်နက်ပဲအဓိက
လက်နက်ပဲပဓါနပေါ့
လက်နက်စိုးမိုးတဲ့စစ်ဝါဒပါ။
ကိုယ်တော့်အဖို့ကတော့
ဥရောပစူပါမားကက်မှာ
ငြိမ်သက်စွာစံပယ်တာကမှ
အန္တရယ်ခပ်သိမ်း ကင်းပျောက်ငြိမ်းပြီး
သိန်းသန်းမကတန်ဖိုးတက်
ဗုဒ္ဓ ဗုဒ္ဓ အချုပ်ကမတက်
ဒုက္ခဖက်ရရင်
မုချမသက်မသာဖြစ်နေရမှာပါ။
တပည့်တော်ငပမွှားက
တရားချတယ်မထင်ပါနဲ့
တိုင်းပြည်က တကာတကာမအပေါင်း
အထောင်းခံရတာများလွန်းလို့
ပြားပြားမှောက်နေရင်းက
တရားပေါက်ရခြင်းဖြစ်ရပါတယ်။
ခွင့်လွှတ်တော်မှုပါ
အရှင်ဘုရား။

(တင်မိုး)

ဒေါက်တာသန်းထွန်း


ဂေါတမရေ မပြန်လေနဲ့-အောင်ခြင်းကိုးပါး

အ,ပါပေ့ တင်မိုးရယ်
ကျောက်ဆင်းတုကိုယ်တော်ကို
ဒီကအကျိုးအကြောင်း
ကုန်စင်အောင် လျှောက်ထားပြီးမှ
မပြန်လေနဲ့လို့
မင်းတားလို့ရမတဲ့လား...။
ရှင်တော်ဘုရားက
အယုတ်ဆုံး အရိုင်းဆုံးဆိုရင်
ချက်ချင်းတွေ့ရအောင်ချွတ်
အောင်ခြင်းကိုးပါးလာမယ်လေ
မင်းမမှီမှာ ပါစိုးတယ်။

(ဒေါက်တာ သန်းထွန်း)
ဒေါက်တာသန်းထွန်း ကိုဧရာဝတီတိုင်း ငါးသိုင်းချောင်း ဒေါင့်ကြီးရွာမှာ ၁၉၂၃ ခုနှစ် ဧပြီလ ၆ ရက်မှာမွေးဖွားပါတယ်၊၁၉၉၃ မှ ၂၀၀၁ ထိရှေးဟောင်းသုတေသန ပါမောက္ခ အဖြစ်တာဝန်ထမ်းဆောင်၍ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် နံနက် ၂ နာရီမှာ နှလုံးရောဂါ နဲ့ကွယ်လွန်ခဲ့ပါတယ်။

ကဗျာဆရာ တင်မိုး

ဧည့်သည်ကြီး

ဆေးလိပ်လဲတို
နေလဲညိုပြီ
ငါ့ကိုပြန်ပို့ကြပါလေ။

(ကဗျာဆရာ တင်မိုး)
ဆရာတင်မိုး ကိုမြင်းခြံခရိုင် တောင်သာမြို့ နယ် ကန်မြဲရွာမှာ၁၉၃၃ ခုနှစ်နိုဝင်ဘာလ ၁၉ ရက် နေ့မှာဖွားမြင်ခဲ့၍ အမည်ရင်းက ဘဂျမ်း ဖြစ်ပါတယ်။ ၁၉၉၁ မှ ၁၉၉၅ ထိ ပေဖူးလွှာ မဂ္ဂဇင်း အယ်ဒီတာချုပ် အဖြစ်တာဝန်ယူစဉ် စစ်အစိုးရမှ ထောင် ၄ နှစ်ချခြင်းခံရပါတယ်။ ၂၀၀၀ ခုနှစ် နောက်ပိုင်း အမေရိကန်(LA) မှာနေထိုင်စဉ် ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၂ ရက် ဒေသစံတော်ချိန် ၄ နာရီခန့်တွင ကွယ်လွန်ခဲ့သည်။

Myanmar Burma It Can't Wait

16/09/2008

သေသော်မှတည့် သြော်ကောင်း၏

သိင်္ဃတန်ဆောင်၊ဘုန်းတော်မှောင်၍
ကုန်းဘောင်နေမီး၊မထိန်ညီးက
တိုင်းကြီးပြည်ကြီး၊အချည်းနှီးလျှင်
ထီးသုန်းနန်းသုန်း၊မြို့ သုန်းသုည
သုန်းသုံးဝဖြင့်၊သုံးရပြန်လစ်
သုညခေတ်ဝယ်၊ဖြစ်လာရလေ
တို့တတွေသည်၊သေသော်မှတည့်
သြော်...ကောင်း၏ ။

(ဆီးဘန်းနီ ဆရာတော်)
ဒီကဗျာဟာ ကုန်းဘောင်ခေတ် သီပေါမင်း ပါတော်မူပြီး နောက် ဆီးဘန်းနီ ဆရာတော် ရဲ့  "ပါတော်မူတမ်းချင်း" ထဲကနိဂုံးပိုင်း ဖြစ်ပါတယ်။
ဆရာတော်ရဲ့  ခမည်းတော်ဟာ ဘိုးတော်ဘုရား လက်ထက် ရာဇသင်္ကြန် အမတ်ကြီးဖြစ်ပါတယ်။ဆရာတော်ဟာ ဒီပါတော်မူ တမ်းချင်းရေးပြီး ၃နှစ်အကြာ သက်တော် ၇၇ နှစ်မှာ ပျံလွန်တော်မူပါတယ်။

အရွယ်နှင့်အမျှ

ကြိုက်နှစ်သက်စရာ ပုံလေးတစ်ပုံပါ။

သူတို့ ဤသို့တီထွင်ခဲ့ကြသည်

15/09/2008

အဖြူရောင်သံစဉ် Radio Gadget

14/09/2008

Window Vista ရဲ့  Sidebar ထဲမှာ
ထည့်သွင်း အသုံးပြုနိုင်တဲ့ အဖြူရောင်သံစဉ် ရေဒီယို
Gadget တစ်ခုပါ။ Mystery Zillion မှတဆင့်ရရှိပါတယ်။
အဖြူရောင်သံစဉ် ရေဒီယိုကို Web Side ထဲသွားစရာမလိုပဲ အလွယ်တကူ ဖွင့်နိုင်ပါတယ်။

မျက်ဖြေ လင်္ကာ(အနန္တသူရိယ)

13/09/2008

သူတည်းတစ်ယောက်၊ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ပျက်လင့်ကာသာ
ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ကြနန်းလည်းခံ
မတ်ပေါင်းရံလျက်၊ပျော်စံရိမ်ငြိမ်
စည်းစိမ်မကွာ၊မင်းချမ်းသာကား
သမုဒ္ဒရာ၊ရေမျက်နှာထက်
ခဏတက်သည့်၊ရေပွက်ပမာ
တစ်သက်လျာတည်း။

ကြင်နာသနား၊ငါ့အားမသတ်
ယခုလွှတ်လည်း၊မလွတ်ကြမ္မာ
လူတကာတို့၊ခန္ဓာခိုင်ကြည်
အတည်မမြဲ၊ဖောက်လွဲတတ်သည်
မချွတ်စသာ၊သတ္တဝါတည်း။

ရှိခိုးကော်ရော်၊ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ခိုက်ကြုံဝိပါတ်
သံသာစက်၌၊ကြိုက်လတ်တုံမူ
တုံ့မယူလို၊ကြည်ညိုစိတ်သန်
အခင်မွန်ကို၊ချန်ဘိစင်စစ်
အပြစ်မဲ့ရေး၊ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ၊ငါ့ခန္ဓာတည်း။

(အနန္တသူရိယ)
မြန်မာနှစ် ၅၃၆ တွင် နရပတိစည်သူ ဘုရင်မှ နောင်တော် မင်းယဉ်နရသိင်္ခ ကိုလုပ်ကြံ ၍ ပုဂံ ထီးနန်းကိုသိမ်းပိုက်ခဲ့သည်။ ထို့နောက်အနန္တသူရိယ အမတ်ကို သတ်မိန့် ပေး၏။ သူတည်းတစ်ယောက် မျက်ဖြေ လကာင်္ကို သူသတ်ကုန်းတွင် စပ်ဆိုတင်တွင်းခဲ့၏ နရပတိစည်သူ မှလွှတ်ရန် အမိန့်ပေးသော်လည်း လွန်ခဲ့လေပြီ။

World Trade Center

11/09/2008

ဒီနေ့ဟာ World Trade Center ပြိုကျခဲ့တဲ့ အမှတ်တရနေ့ ဖြစ်ပါတယ်။၂၀၀၁ ခုနှစ်
၉ လ ၁၁ ရက်ဆိုတော့ ၇ နှစ်ပြည့်ပါပြီ၊ ဒီလိုတိုက်ခိုက်ခံခဲ့ရတဲ့ အတွက် လူပေါင်း ၃၀၀၀ လောက်သေဆုံးခဲ့ရပါတယ်။အဲဒီအချိန်ကဂျပန်မှာညသန်းခေါင်ပါအလုပ်ကပြန်လာချိန်မှာ အရင်ရောက်နှင့်နေတဲ့သူငယ်ချင်းကWTCကိုလေယဉ်တိုက်ခံရကြောင်းပြောပါတယ်၊TVက
ဒါရိုက်ပြနေပါတယ်၊အစကတော့ မတော်တဆလို့ထင်မိတယ် ကြည့်နေရင်းနဲ့ နောက်တစ်စင်းဝင်တိုက်တော့ ရုတ်တရက်အံ့အားသင့်ပြီး လူတွေ ပြုတင်းပေါက်က အကူအညီတောင်းနေတာတွေ၊ တချို့ ခုန်ချတာတွေဟာ အခုထိတော့မြင်ယောင်နေတုန်းပဲ၊နောက်တစ်စီးက ဝါရှင်တန်မြို့ တော်ပင်တဂွန်စစ်ဌာန ကိုတိုက်ခိုက်တဲ့အတွက် လူ၁၈၀ကျော် သေဆုံးခဲ့ရတယ်။ ပန်ဆဲလ်ဗေးနီးယားပြည်နယ် လယ်ကွင်းထဲ တစ်စီးပျက်ကျခဲ့တယ်။

ပြီးတော့လွန်ခဲ့တဲ့ ၂ နှစ်ကအဖေဆုံးခဲ့တယ်၊ ၉ လ ၁၁ ရက်ကတော့အမှတ်ရစရာ တွေပါပဲ။

ရွှေပါရမီတောရ သြဝါဒ

10/09/2008

တောင်းတဲ့သူဟာ
ငိုတဲ့သူနဲ့ အတူတူပဲ၊
တောင်းပါလျက်နဲ့ မပေးတဲ့သူဟာလည်း
ငိုတဲ့သူနဲ့အတူတူပဲ၊
ငိုတဲ့သူတွေနေတဲ့လောက
ဘယ်လိုလုပ်
လှပနိုင်တော့မလဲ။

အရှင်ဆန္ဒဓိက (ရွှေပါရမီတောရ)

ဖြစ်ချင်လို့ ပါ

02/09/2008


ကမ္ဘာကျော် စာရေးဆရာကြီး တစ်ဦးထံသို့  လူငယ်တစ်ဦး ရောက်လာ၏ ။
"စာရေးဆရာကြီး ခင်ဗျာ..ကျွန်တော်လည်း ဆရာကြီးလို ကမ္ဘာကျော် စာရေးဆရာကြီး
တစ်ယောက် ဖြစ်ချင်ပါတယ်"
"ကောင်းတာပေါ့ကွာ"
"ကျွန်တော့်ကို နည်းလမ်း ပေးပါ ခင်ဗျာ"
"စာများများ ဖတ်...များများရေးပါ"
"ဟုတ်ကဲ့..ဘယ်သူ့ ဆီ လိပ်စာတပ် ရေးရမလဲ ခင်ဗျာ"
"ဟာကွာ..မင်းကလည်း"
"နောက်ပြီး ဘယ်လို စရေးရမယ် ဆိုတာကိုလည်း ပြောပြပါ ခင်ဗျာ"
"အေး..ဘယ်ဘက်ကစပြီး ညာဘက်ကို ရေးကွ"