ဇေယျာသော်

24/11/2008

အမိန့်မချခင် ၁၀ မိနစ် အလို၌ ရေးသားထားသော ဇေယျာသော် ၏ နှိုးဆော်ချက်
ACID တေးဂီတ အဖွဲ့မှ ဟစ်ဟော့ အဆိုတော် ဇေယျာသော် ခေါ် ကိုကျော်ကျော် ကို နိုဝင်ဘာ ၂၀ ရက်တွင် ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် တရားရုံး မှ နိုင်ငံခြားငွေ ကိုင်ဆောင်မှုက ၁ နှစ် နှင့် တရားမဝင် အသင်း ဖွဲ့စည်းမှုက ၅ နှစ် တို့ဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရသည်။

A Moment of Nothingness by Min Ko Naing

18/11/2008


A Moment of Nothingness
By Min Ko Naing - 88 Student Leader
Courtesy: All Burma Federation of Students

Being a dragon - evolving from having been a snake,
However there is no dragon crest to raise high.
Having imprinted configurations
On ones’ palms,
Yet there is no sign of luck to be proud of.

Everybody enters the race in the river
through their own preparation,
However, when one meets the waterfall unexpectedly,
Some ‘free-riders’ downstream scream in shock,
And some struggling upstream against the tide finally become helpless.

Numbers are increasing year after year,
However, there is no actual age to show people.

It could be still be called a life
Because we are still living and struggling,
However, there is no actual meaning to express.

Original Message-Poem

Whislt at Sittwe Prison
Smuggled out of jail by another political prisoner.
To show, where there is a will there is a way...
the TRUTH finds its way OUT
(www.jegsburma.blogspot.com မှ ကူးယူဖော်ပြပါသည်။)

ကိုယ်အင်္ဂါ များအတွက် သီးသန့် အဟာရများ

17/11/2008



ဦးနှောက်- မုန်လာဥနီ၊ ဂေါ်ဖီပန်းထုပ်၊ ငါး၊ အရည်ရွှမ်းအသီး၊ ဟင်းသီးဟင်ဒရွက်။
မျက်စိ- ဗီတာမင် C/E နှင့် Lutein ကြွယ်ဝသည့်အစာများ ဥပမာ- Kale ခေါ် အရွက်လိပ်ဂေါ်ဖီထုပ်၊ Collard Green ခေါ် ဂေါ်ဖီစိမ်း၊ အရည်ရွှမ်းသစ်သီးများ၊ ဖရဲသီးများ။
အဆုတ်- ဘီတာကယ်ရိုတင်း ကြွယ်ဝသည့် သရက်သီး၊ မုန်လာဥနီ၊ ဖရဲသီး၊ ဟင်းနုနွယ်။
နှလုံး- သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပြောင်း၊ ဂျုံ စသည့် သီးနှံများ၊ အဆီမပါ(သို့)ပါဝင်မှုနည်းသည့် အစားအစာများ၊ ငါး၊ အဆီမပါအသားများ၊ ပဲသီးတောင့်များ။
အရိုး- နို့ နှင့် နို့ထွက် ပစ္စည်းများ၊ အစိမ်းရင့်ရောင် ဟင်းရွက်များ၊ ဗာဒံစေ့၊ နှမ်း(သို့)နေကြာစေ့များ။
အရေပြား-ဘီတာကယ်ရိုတင်း ကြွယ်ဝသည့် အစာများ။
အူများ- အမျှင်ဓါတ်ပါ အစာများ၊ ဂျုံ၊ ကွေကာအမှုန့်၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ။

Shilo-Burma

16/11/2008


Animation ကုမ္ပဏီ တစ်ခုဖြစ်သော Shilo သည် မြန်မာ ပြည်သူများ အတွက် ထောက်ခံကြောင်း ရေးဆွဲပေးထားသည့် Animation ရုပ်ရှင် အတွက် အကောင်းဆုံး နိုင်ငံတကာ Animation ဆုအဖြစ် (၄၆) ကြိမ်မြောက် ကင်ဆေးလ် ဆုပေးပွဲတွင် ရွှေရုပ်တု တစ်ခု ကိုရရှိ ခဲ့သည်။

ဆင်းရဲမှု ချမ်းသာမှု

15/11/2008

လူတို့တွင် ဆင်းရဲမှု ချမ်းသာမှု တို့သည် 'ကံ' တည်းဟူသော တစ်ခုတည်းသော အကြောင်းကြောင့်သာ မဟုတ်။ ဆင်းရဲခြင်းသည် လုပ်သင့်သည့် အရာများကို မလုပ်၊ မလုပ်သင့်သည့် အရာများကို လုပ်နေသောကြောင့်ပင် ဖြစ်ပြီးလျှင် ချမ်းသာခြင်းသည် မလုပ်သင့်သည့် အရာမျိုးကို အထူးရှောင်၍ လုပ်သင့်သည့် အရာများကို အထူးဆောင်လျက် ရှိသောကြောင့်ဖြစ်သည်။

McCain-Obama Dance-Off

12/11/2008


McCain-Obama တို့ရဲ့အကပြိုင်ပွဲ

ဗေဒင်ဆရာ ဘအေး မှန်လိုက်လေ

11/11/2008

တောရွာတစ်ရွာတွင် ဗေဒင်ဆရာ ဘအေး အလွန်မှန်သည်ဟု နာမည်ကြီးနေ၏။ ထို့ကြောင့် တစ်နေ့တွင် ထိုရွာမှ လုတစ်ယောက်သည် ဗေဒင်ဆရာ ဘအေး ထံတွင် သွား၍ ဗေဒင်ကြည့်၏။ ထိုအခါ ဗေဒင်ဆရာက
ခင်ဗျား ဆယ့်လေးငါးရက် အတွင်းမှာ သွေးထွက်သံယို ဖြစ်ကိန်းမြင်တယ်
ဟူ၍ ဟောလိုက်၏။
ထိုသူလဲ ဆယ့်လေးငါးရက် စောင့်၍ကြည့်၏။ သူ့တွင်ဘာမှ မဖြစ်သဖြင့် ရွာထဲရှိ လူစုစုရှိသော နေရာတိုင်းတွင်
ဗေဒင်ဆရာ ဘအေး မှန်တယ် မှန်တယ် ဆိုတာ အလကားပါကွာ၊ တစ်နေ့ကသူ ငါ့ကို ဆယ့်လေးငါးရက် အတွင်း သွေးထွက်သံယို ဖြစ်ကိန်းမြင်တယ်လို့ ဟောတယ်၊ အခု ဆယ့်လေးငါးရက်ပဲ ရှိပေါ့ ဘာမှမဖြစ် ပါဘူး၊ ဒီဗေဒင်ဆရာ အလကားပါကွာ
ဟူ၍ပြောပြီး နာမည် ဖျက်နေသည်။ ထိုသတင်းကို ကြားသော ဗေဒင်ဆရာ ဘအေးက
အင်း...ဒီကောင် ငါ့ထမင်းအိုးကို ခွဲမယ့်ကောင်ပဲ၊ မဖြစ်တော့ဘူး
ဟူ၍စဉ်းစားပြီး မှောင်မိုက်သော ညတစ်ညတွင် ဗေဒင်ဆရာ ကိုယ်တိုင် ထိုသူကို ချောင်းရိုက်တော့၏။
ထိုမှစ၍
ဗေဒင်ဆရာ ဘအေး သွေးထွက်အောင် မှန်တယ် ဟူ၍ နာမည် ပိုကြီး လာတော့၏။

We don't need any change

07/11/2008

Obama And Than Shwe

အိမ်ပြန်ချင်တယ်

01/11/2008


ညနေဆည်းဆာ
နေဝင်တော့မယ့်အချိန်မှာ
တောင်ပေါ်ဘုန်းကြီးကျောင်းက
ခေါင်းလောင်းသံကသာ
အားလုံးညီညီညာညာလက်တွဲကာ
အိမ်ကိုပြန်ရမှာ
အိပ်တန်းတက်မယ့်ကျေးငှက်တွေလဲ
အသိုက်အမြုံရှိရာပြန်ကြတာ
အချိန်တန်ရင်အားလုံးဟာ
ကိုယ့်နေရာကိုကိုယ်ပြန်ကြရတာ။

ဂျပန်မှာ ညနေ ၅ နာရီ နွေဆို ၆ နာရီ မှာလွှင့်တဲ့ သံစဉ် တီးလုံးလေးကို ကြားရတိုင်း အိမ်အရမ်းပြန်ချင် တာပဲ ဒီတီးလုံးလေးကို သတိထားမိတာကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အတူနေတဲ့ အန်ကယ်ကြီး ဦးတင်မောင်ဦး ကပြောလို့ သတိထားပြီး နားထောင်မိကတဲက အဓိပါယ် မသိပဲနဲ့ ကြားမိတိုင်း အိမ်ပြန်ချင်တယ်။ နောက် You Tube ကချစ်ချင်းငယ်ပြိုင် Video ကြည့်မိတော့မှအဓိပါယ် သိရတယ်။ လူတိုတာ အချိန်တန်ရင် အိမ်ပြန်ကြရ စမြဲပဲလေ ဘယ်တော့အချိန်တန် မလဲသာ မသိတာ။