Human Right နဲ့ ပိုလီယို ငသန်း

24/07/2009

ထိုင်းနိုင်ငံ အပန်းဖြေကျွန်း ဖူးခက်တွင် ကျင်းပနေသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက အဖွဲ့သစ်ဖြစ်သော လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ Terms of Reference – TOR ကို July 20 နေ့တွင် ထောက်ခံ အတည်ပြု၍ အောက်တိုဘာလ အာဆီယံ ထိပ်သီး အစည်းအဝေး တွင် ဖွဲ့စည်းနိုင်မည်ဖြစ်သည်။အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ဒေသတွင်းလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်တရပ် ဖွဲ့စည်းရန် ယမန်နှစ်က သဘောတူညီခဲ့ပြီး ဖြစ်သော်လည်း ယင်း သဘောတူညီချက်မှာ အလွယ်တကူ ရရှိခဲ့ခြင်း မဟုတ်ပေ။ အစပိုင်း တွင် မြန်မာစစ်အစိုးရ က ကော်မရှင် ဖွဲ့စည်းရေးကို အပြင်းအထန် ကန့်ကွက်ခဲ့သည်။