မြန်မာ တိုင်းရင်းသား ၁၃၅ မျိုး

31/01/2009

Nationality

Thailand's welcoming hand

28/01/2009

ထိုင်းနိုင်ငံ ရဲ့ လက်တွေ့ သဘောထား။

အချစ်ဦး

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါဝါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲ ကြွေကြွေ
မြေမှာပဲ ရောက်ရောက်
ဖွဖွလေးကောက်လို့
ပန်းခြောက်လေးပဲ မြတ်နိုးမယ်…

မောင်စိန်ဝင်း (ပုတီးကုန်း)

အကောင်းဆုံး ယတြာ

26/01/2009

ကောင်းလိုက်တဲ့ ယတြာ ယုံယုံကြည်ကြည် ရွတ်ကြတာပေါ့။

စစ်နည်းဗျုဟာ

စစ်နည်းဗျုဟာ ဘယ်လိုသာလည်း၊
စွဲကိုင်လက်နက် ဘယ်လိုထက်လည်း၊
ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်၊
ပြည်သူ့စွမ်းအား မကိုးစားလျှင်၊
ဓါးသွားလည်းကြွေ
လှံလည်းခွေအံ့။
(လက်ဝဲသုန္ဒရ အမတ်ကြီး)

လူတူမရှား

22/01/2009

လောကကြီးမှာ လူတူမရှား နာမည်တူမရှား ပေါ့ဗျာ။ ဒါပေမယ့် အိုဘားမား နဲ့တူတဲ့ အတွက် သာမန် လူတစ်ယောက် ကနေ ချက်ချင်းလက်ငင်း TV စတားဖြစ်လာတာကတော့ အင်ဒိုနီးရှား နိုင်ငံက အသက်၃၄ နှစ် ရှိတဲ့ ဓါတ်ပုံဆရာ အီဟန် အာနပ်စ် ( IIham Anas) ဖြစ်ပါတယ်။ သူဟာ အင်ဒိုနီးရှားနဲ့  ဖိလစ်ပိုင်နဲ့  စီပွားရေး လုပ်ငန်းတွေကို ကြော်ငြာ ရိုက်ပေး နေရပြီလို့ ဆိုပါတယ်။ Talk Show တွေနဲ့မအား နိုင်အောင် ဖြစ်နေတယ် လို့ဆိုတယ်။ မလေးရှား လေဆိပ် ရောက်တုန်းက လူတစ်ယောက်က သူကို ခင်ဗျား အိုဘားမားလား လို့လာမေးတာ ကိုတောင် ခံရဘူးတယ် လို့ ဆိုတယ်။ မဂ္ဂဇင်း တစ်စောင် အတွက် လည်း ဝတ်စုံ ဝတ် အမေရိကန် အလံကို နောက်ခံထားပြီး ဓါတ်ပုံ ရိုက်ပေးလိုက်ရပြီး ပြီ။ အရင် က သူမျက်နာကို သူအားငယ်စိတ် ရှိပေမယ့် ခုတော့ သူဟာ ဘုရားပေးတဲ့ ဆုပဲလို့ ဆိုပါတယ်။ အိုဘားမားရဲ့ ကျော်ကြား အောင်မြင်မှုက သူနဲ့တူတဲ့ သူကိုတောင် ကောင်းကျိုး ပြုနေတာကတော့ ကျေနပ်စရာ ကောင်းပါတယ်။
သူကံကောင်း တာကတော့ သန်းရွှေနဲ့ သွားမတူခြင်းဖြစ်ပါတယ်။ သန်းရွှေ၊ မောင်အေး၊ ရွှေမန်း နဲ့ တေဇ တို့ နဲ့ တူနေတဲ့သူ ဆိုရင်တော့ သတိထားပါ ချောင်းအရိုက်ခံရ နိုင်ဖွယ်ရှိတဲ့အတွက် လိုရမယ်ရသံခမောက် တစ်လုံးကို အမြဲတမ်းဆောင်းထား သင့်ပါကြောင်း။ သူတို့ လိုမျက်နှာရှိတဲ့ သူတွေကလည်း စွဲဆောင်မှု နဲ့နှစ်လိုဖွယ် တစ်စက်မှမရှိတော့ မစွန်ပဲ စိတ်ကျဝေဒနာ ( Depression) လည်းရလာ နိုင်ပါကြောင်း။
(ဝင်းဇော်)

The World is Waiting

ဒီကနေ့ လက်ရှိ ကမ္ဘာ့ အခြေအနေ။

မစ္စတာအိုဘားမား ကျန်းသစ္စာကျိန်ဆိုပွဲ

21/01/2009

CHANGE

မျှော်လင့်ရမှာလား အိုဘားမားဒီနေ့ကတော့ ကမ္ဘာကြီးရဲ့ အပြောင်းအလဲ နေ့ တစ်နေ့ပါ။ အမေရိကန် နိုင်ငံမှာ ပထမဦးဆုံး လူမည်း သမ္မတ အဖြစ် Barack Hussein Obama စပြီး တာဝန်ထမ်းဆောင် တဲ့ သမိုင်းဝင် နေ့တစ်နေ့။

List of Presidents of the United States

1. George Washington (1732-1799) None, Federalist 1789-1797
2. John Adams (1735-1826) Federalist 1797-1801
3. Thomas Jefferson (1743-1826) Democratic-Republican 1801-1809
4. James Madison (1751-1836) Democratic-Republican 1809-1817
5. James Monroe (1758-1831) Democratic-Republican 1817-1825
6. John Quincy Adams (1767-1848) Democratic-Republican 1825-1829
7. Andrew Jackson (1767-1845) Democrat 1829-1837
8. Martin van Buren (1782-1862) Democrat 1837-1841
9. William H. Harrison (1773-1841) Whig 1841
10. John Tyler (1790-1862) Whig 1841-1845
11. James K. Polk (1795-1849) Democrat 1845-1849
12. Zachary Taylor (1784-1850) Whig 1849-1850
13. Millard Fillmore (1800-1874) Whig 1850-1853
14. Franklin Pierce (1804-1869) Democrat 1853-1857
15. James Buchanan (1791-1868) Democrat 1857-1861
16. Abraham Lincoln (1809-1865) Republican 1861-1865
17. Andrew Johnson (1808-1875) National Union 1865-1869
18. Ulysses S. Grant (1822-1885) Republican 1869-1877
19. Rutherford Hayes (1822-1893) Republican 1877-1881
20. James Garfield (1831-1881) Republican 1881
21. Chester Arthur (1829-1886) Republican 1881-1885
22. Grover Cleveland (1837-1908) Democrat 1885-1889
23. Benjamin Harrison (1833-1901) Republican 1889-1893
25. William McKinley (1843-1901) Republican 1897-1901
26. Theodore Roosevelt (1858-1919) Republican 1901-1909
27. William Taft (1857-1930) Republican 1909-1913
28. Woodrow Wilson (1856-1924) Democrat 1913-1921
29. Warren Harding (1865-1923) Republican 1921-1923
30. Calvin Coolidge (1872-1933) Republican 1923-1929
31. Herbert C. Hoover (1874-1964) Republican 1929-1933
32. Franklin Delano Roosevelt (1882-1945) Democrat 1933-1945
33. Harry S Truman (1884-1972) Democrat 1945-1953
34. Dwight David Eisenhower (1890-1969) Republican 1953-1961
35. John Fitzgerald Kennedy (1917-1963) Democrat 1961-1963
36. Lyndon Baines Johnson (1908-1973) Democrat 1963-1969
37. Richard Milhous Nixon (1913-1994) Republican 1969-1974
38. Gerald R. Ford (1913- 2006) Republican 1974-1977
39. James (Jimmy) Earl Carter, Jr. (1924- ) Democrat 1977-1981
40. Ronald Wilson Reagan (1911- 2004) Republican 1981-1989
41. George H. W. Bush (1924- ) Republican 1989-1993
42. William (Bill) Jefferson Clinton (1946- ) Democrat 1993-2001
43. George W. Bush (1946- ) Republican 2001-2009
44. Barack Obama (1961- ) Democrat 2009-

ပါနီထဲကလာတာ ပါနီထဲပြန်သွား

17/01/2009

ထိုင်းအာဏာပိုင်များက လှေဖြင့် ရောက်လာသော ရိုဟင်ဂျာများကို ပင်လယ်တွင်းသို့ ပြန်လည် မောင်းထုတ် နေပုံ။

ထိုင်းစစ်တပ်က ရိုဟင်ဂျာ များကို ပင်လယ်ထဲ မောင်းထုတ်

ထိုင်းအာဏာပိုင်များက လှေတစီးကို နိုင်ငံတကာ ရေပိုင်နက် အတွင်းသို့ ပြန်လည် မောင်းထုတ်ခဲ့ရာ လှေပေါ်တွင် ပါသွားသူထဲမှ သေဆုံးသူ အနည်းဆုံး ၄ ဦးရှိသည်ဟု အခိုင်အမာ သိရပြီး၊ ၃ဝဝ ခန့် ပျောက်ဆုံး နေသည်ဟု သတင်းဌာန များမှတဆင့် သိရသည်။
ထိုင်းရေတပ်က ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၄၁၂ ဦးကို လှေကြီး တစီးပေါ် တင်၍ ပြီးခဲ့သည့်လ ၁၈ ရက်နေ့က Koh Surin ကျွန်းမှ နိုင်ငံတကာ ရေပိုင်နက်ထဲသို့ ပို့ဆောင် လိုက်သည်။
“သူတို့ ပင်လယ်ဘက် ပြန်မသွားချင်ဘူး။ လမ်းခရီးမှာ ရိက္ခာပြတ်ပြီး သေမှာကို စိုးရိမ်တယ်။ ထိုင်းစစ်တပ်က သေနတ်နဲ့ ချိန်ထားတော့ လှေပေါ် ပြန်မတက်ချင်ဘဲ တက်ခဲ့ရတယ်” ဟု ပြောပြသည်။ ထိုင်းစစ်တပ်က လှေပေါ်မှ အင်ဂျင်ကို ဖြုတ်ယူထားပြီး ရိက္ခာအဖြစ် သောက်သုံးရေ တိုင်ကီ ၂ လုံး၊ ဆန် အိတ် ၄ အိတ် ပေးလိုက်သည်ဟု ပြောပြသည်။
အသက်ရှင် ကျန်ရစ်သူများထဲမှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှ လူငယ်၏ ပြောပြချက်အရ ၎င်းနှင့်အတူ ရွာမှ ထွက်လာသူများအနက် ၄ ဦးသေဆုံးပြီး ၄ ဦး အသက်ရှင် ကျန်ရစ်ကြောင်း၊ မလေးရှား နိုင်ငံသို့ သွားရောက်ရန် စိတ်ကူးခဲ့ကြကြောင်း ရှင်းပြသည်။
ရိုဟင်ဂျာများသည် အစ္စလမ် ဘာသာဝင်များဖြစ်ပြီး၊ နိုင်ငံမဲ့နေသော လူနည်းစု တိုင်းရင်းသားများ ဖြစ်သည်။ မြန်မာ အာဏာပိုင်များ၏ ဖိနှိပ်မှုကို ခံနေရသည်။ ရခိုင်ပြည်နယ်၏ ပြင်ပသို့ သွားလာခွင့် ရသူများ မဟုတ်ပေ။
မြန်မာနိုင်ငံတွင် ၎င်းတို့အပေါ် ထားရှိသည့် တင်းကျပ်သော စည်းကမ်းချက် များကြောင့် စားဝတ်နေရေး ပိုမိုကြပ်တည်း လာသည်။ ထို့ကြောင့် ရိုဟင်ဂျာ အများအပြားသည် ပွဲစားများ၏ အကူအညီဖြင့် ရခိုင်ပြည်နယ် ပြင်ပသို့ အရဲစွန့် ထွက်ခွာကြသည်။ အခြား နိုင်ငံများသို့ ရေလမ်းခရီးဖြင့် တရားမဝင် သွားရောက်ကြရာ အများစုမှာ ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသများ သို့မဟုတ် မုန်တိုင်းထန်သည့် ကပ္ပလီ ပင်လယ်ဘက်သို့ ရောက်ရှိသွားကြသည်။
ထိုင်းအစိုးရက ထုတ်ပြန်သည့် စာရင်းဇယားများအရ ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိလာသည့် ရိုဟင်ဂျာ အရေအတွက်မှာ တနှစ်ထက်တနှစ် ပိုမိုများပြားလာသည်။ ၂ဝဝ၅-၂ဝဝ၆ ခုနှစ်တွင် ၁၂၂၅ ဦးရှိပြီး ၂ဝဝ၇- ၂ဝဝ၈ ခုနှစ်တွင် ၄၈၈၆ ဦးရှိသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် တလအတွင်း တရားမဝင် ရောက်ရှိလာသော ရိုဟင်ဂျာများကို ဖမ်းဆီးရမိမှု ၈ ကြိမ်ရှိခဲ့ပြီး လူဦးရေ စုစုပေါင်းမှာ ၆၅၉ ဦး ဖြစ်သည်။

Tokyo's new homeless

15/01/2009


ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ဂျပန်မှာတောင် ဒုက္ခရောက်ကြရတယ်။

GOVERNMENTS OF BURMA

08/01/2009

တစ်ခုလောက် အားကိုးရရင် ကောင်းမယ်။

၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့

04/01/2009

Myanmar (Burma)

61st Anniversary Independence Day
လွပ်လပ်ရေး ရတာ ၆၁ နှစ်ရှိပြီ ဒါပေမယ့် မလွတ်လပ်သေးဘူး။

သန်းရွှေ အတွက် နှစ်ကူး လက်ဆောင်

သေသေ ချာချာ ပုံကြီး ချဲ့ကြည့်ပါလား။

Happy News Year

01/01/2009

MySpaceGraphicsandAnimations.com

ဒီနှစ် ၂၀၀၉ ရဲ့ ၁ရက်နေ့ကတော့ Tokyo မှာ သိပ်မအေးပါ။ ဒီနေ့ Kamakura ဘုရားရောက်တယ်၊ဘုရားမှာလဲ လူတစ်ဝက် လောက်က မြန်မာလူမျိုးတွေ များတယ်။ Japan လူမျိုးတွေကတော့ ဘုရားထက် jinja (ဘုရားကျောင်း) သွားတာများတယ်။